ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် ကျေးဇူးတင်လွှာ
  • ကားတစ်စီး ၊ စားသုံးသူ တစ်ယောက် ကို မျှော်ရင်း ခိုင်ခိုင်ကျော် ကို စခဲ့ရတာပါ ။ 
  • ခိုင်ခိုင်ကျော်မှာ ထမင်းစားရင် ဈေးမကြီးဘူး ၊ သန့်ရှင်းတယ် ၊ စေတနာပါတယ် ။ ပဲဆီ စစ်စစ်သုံးတယ် ။ အချိုမှုန့် လုံးဝ မသုံးဘူး ။ ငါးဒန်ကို ငါးမြင်း ပြော မရောင်းဘူး ၊ ငါးဖယ် က ငါးဖယ် ၊ ငါးခြစ်က ငါးခြစ်ပဲ ၊ ကြက်ဆို ဗမာ ၊ ငါးခူ ဆို သဘာဝပဲ ။
  • စားသုံးသူ တွေ အတွက် နေ့စဉ် လုပ်ဆောင်မှု တွေ ကို ခိုင်ခိုင်ကျော် က မှတ်ကျောက် တင်ခံ နိုင်ခဲ့ပါတယ် ။ 
  • ဆိုင်ရဲ့ မှန်ကန်မှု သက်သေ ဟာ ဆိုင်ဝန်ထမ်းတွေ ဖြစ်ခဲ့ရပါတယ် ။
  • နာဂစ်လို နေ့မျိုး မှာတောင် ၀န်ထမ်းတွေ ရဲ့ စုပေါင်းအား နဲ့ ထမင်းချိုင့် တွေကို အိမ်တွေ အရောက်ပို့ပေးနိုင်ခဲ့ပါတယ် ။ 
  • နာဂစ် ဟာ ခိုင်ခိုင်ကျော် ရဲ့ သမိုင်းပါ ။
  • ဗိုက်ဆာလို့ ၀င်စားရင် မြန်မြန်လုပ်မှ ကြိုက်တယ် ကွ 
    အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးသည် ပထမ၊
    အရသာ ကောင်းမွန်ရေး သည် ဒုတိယ ဆောင်ပုဒ်များ ၊ ကို လက်ကိုင်စွဲ၊
  • အခက်အခဲ ၊ အကြပ်အတည်း များကို လည်း မိမိရဲ့ လုပ်ဆောင်မှု ၊ စားသုံးသူ များ ရဲ့ အားပေးမှု ၊ သက်ဆိုင်သူ တွေရဲ့ ပံ့ပိုးမှုတွေ နဲ့ ဖြေရှင်း နိုင်ခဲ့ပါတယ် ။
  • အခု ဆိုရင် စားသုံးသူ များ အတွက် အရသာ ၊ အရည်အသွေး ၊ အစားအစာ ဘေးကင်း လုံခြုံသန့်ရှင်းမှု တို့ အတွက် နိုင်ငံတကာ အသိအမှတ်ပြု Unilever Food Solution နဲ့ နှစ်ဦး သဘောတူ လက်မှတ်ရေးထိုးပြီး လုပ်ဆောင်လျှက်ရှိပါတယ် ။ Unilever Food Solution ၏ အကြံပြုချုက် အရ CK (Central Kitchen) ကို လုပ်ဆောင်ပြီး မြန်မာ ထမင်းဟင်းများကို ပြည်ပ မှ စားဖိုမှုးများ နဲ့ ညှိနှိုင်းတိုင်ပင်ကာ နိုင်ငံတကာ အဆင့်အတန်း တစ်ခု သို့ ရောက်ရှိအောင် ကြိုးစားနေပါတယ်။
  • ခိုင်ခိုင်ကျော် အနေဖြင့် ထမင်းချိုင့် ၊ ထမင်းဘူး များကို အိမ်အရောက် ပို့ဆောင်ပေးခြင်း ၊ စက်ရုံ ၊ ကုမ္ပဏီ များကို လက်ခံ ကျွေးမွေး ပေးခြင်း နှင့် အလှူ ၊ အခမ်းအနားများ ၌ စီစဉ် ချက်ပြုတ်ဧည့်ခံ ပေးလျက် ရှိပါသည်။
  • နေ့စဉ် ချက်ပြုတ် ပြင်ဆင်မှု များကိုလည်း ကြွရောက် လေ့လာနိုင်ရန် ဖိတ်ခေါ်ပါသည်။
  • ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် အား အတွေ့အကြုံ ၊ ဗဟုသုတ များစွာ ပေးခဲ့ ပါသော မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင် အသင်း ၊ တစ်ခဲနက် အားပေးခဲ့ကြသော ရဟန်းရှင်လူ မိဘပြည်သူ အပေါင်းနှင့် လုပ်ဖော်ကိုင်ဖက်များ ၊ ပစ္စည်း ပေးသွင်းသူ အားလုံးကို ကျေးဇူး အထူး တင်ရှိပါသည်။
အခြား သတင်းများ
ဂျပန်နိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း ၏ ခိုင်ခိုင်ကျော် central kitchen လေ့လာရေး
ကျိုက်ထိုဆိုင်ခွဲ တစ်နှစ်ပြည့် ပျော်ပွဲရွှင်ပွဲ နှင့် ကျိုက်ထီးရိုးဘုရားဖူး
စုပေါင်း ဘုံကထိန်
သီတင်းကျွတ် အစီအစဉ်
မွေးနေ့ အလှူ
Khaing Khaing Kyaw Food Center
ဆက်သွယ်ရန်
ပါရမီ ဆိုင်ခွဲ -
အမှတ် (၄၂/က) ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့် ၊ ပါရမီဂုံးကျော်တံတားကြီးအနီး၊
Ph 09 254 026 246
ပြည်လမ်းဆိုင်ခွဲ -
မာလာမှတ်တိုင်၊ ကမ္ဘောဇဘဏ်ဘေး ၊ သုခကမ္ဘာဆေးရုံ အ၀င်လမ်း၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊
Ph 01 524 208၊ 09 4315 8411
ဂန္ဓမာဆိုင်ခွဲ -
ဂန္ဓာမလမ်းနှင့် ဝေဇယန္တာလမ်းထောင့်၊ Gandamar Wholesale (တောင်ဥက္ကလာဂေါက်ကွင်း အနီး)၊
Ph 09 254 026 593
ကျိုက်ထိုဆိုင်ခွဲ -
ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမကြီးအနီး ၊ မိုင်တိုင်အမှတ် (၁၀၆/၅) မိုင်၊ အေးရိပ်ငြိမ်ရပ်ကွက် ၊ ကျိုက်ထိုမြို့။
Ph 09 857 6151, 09 977 202 180, 09 3028 5427
မင်္ဂလာဒုံ ဆိုင်ခွဲ -
ရန်ကုန်-ပြည်လမ်းကြီးဘေး၊ ရှမ်းစုမှတ်တိုင်အနီး ၊ လှော်ကား ဓာတ်အားပေးစက်ရုံ မျက်စောင်းထိုး၊ မင်္ဂလာဒုံ မြို့နယ်။
Ph 09 977 202 179
ဗဟန်းဆိုင်ခွဲ -
အမှတ်(၁၂၃) SMVTI, စင်္ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းဝင်းအတွင်း ၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ၊ ဗဟန်းမြို့နယ်။
Ph 09 977 202 175
ရွှေပြည်သာ ဆိုင်ခွဲ -
ရန်ကုန်-ရွှေပြည်သာ အမှတ်(၄) လမ်းမကြီး၊ ခလရ (၆) အနီး၊ ရွှေပြည်သာမြို့နယ်။
Ph 09 977 202 178, 09 978 598 106
ပြင်ဦးလွင် ဆိုင်ခွဲ -
(ဘီ/၂၄) မြို့ပတ်လမ်း ၊ ကန်တော်လေး အ၀ိုင်းအနီး၊ ပြင်ဦးလွင်မြို့နယ်။
Ph 09 977 202 177
ဗဟို မီးဖိုဆောင် -
အမှတ်(၅၀) ဦးဝိဇာရလမ်း ၊ ၄၁ ရပ်ကွက် ၊ မ/ဒဂုံ မြို့နယ်။
Ph 09 302 854 30, 09 977 202 176
သတင်းများ
Art gallery
ရွေ့လျား ထမင်းဆိုင်
ကြော်ငြာကဏ္ဍ
အထူးဟင်းလျာ
Khaing Khaing Kyaw Food CenterKhaing Khaing Kyaw Food Center